မှန်ကြည်လွှာလို တိုးလျှိုးပေါက်
တစ်ယောက် နှလုံးသား တစ်ယောက်က
တွေ့မြင်နေရတော့။
မေတ္တာစစ်တို့ရဲ့ ၅၂၈ အရိပ်အောက်မှာ
အနှောက်အယှက်ဆိုလို့
တစ်ပြားသားမှ မကျရောက်ဖူးခဲ့ဘူး ။
ကောင်းကင်ထက်လည်း မြင့်မြတ်တယ်
မြေပြင်ထက်လည်း ရပ်တည်စွမ်းကို ပေးနိုင်တယ်။
မမွေးဖွားခင်အချိန်ကတည်းက
ပေးကမ်းလာတဲ့
မေတ္တာထုတည်ဟာ..
စကြာဝဠာ ထက်တောင် အနှိုင်းအဆမဲ့ ။
မခိုင်မြဲခြင်း သင်္ခါရဘောင်ကို ကျော်လွန်ပြီး
ကမ္ဘာမြေပြင်ရဲ့ နောက်ဆုံးတစ်နေ့တိုင်
တည်ရှိလေမယ့် မိဘရင်ခွင်
ကျနော် .....
ပျော်ခဲ့တယ်ဆိုတာ မဆန်းပါဘူးနော်။
No comments:
Post a Comment