ကိုယ့်ကိုကိုယ် စွဲချက်တင်ခြင်း

တင်းတိမ်ရောင့်ရဲခြင်းကိုဘဲ
အကြောင်းပြချက် ကောင်းကောင်း တစ်ခုလို
အသုံးချလို့
ပျင်းရိတဲ့စိတ်ကို
ဘာကြောင့်များ အကာအကွယ် လုပ်မိပါသလဲ ။

အပြစ်မြင်တတ်တဲ့စိတ် ..
မျက်လုံးများက ဘာကြောင့်များအခြားသူအပေါ်မှာဘဲ
ရှိခဲ့ရပါသလဲ ။

ငါမညာတတ်ဘူးလို့ပြောနေရင်းနဲ့

နေ့စဉ်နေ့တိုင်း မုသားပါးပါးသုတ်ထားတဲ့
စကားလှလှလေးတွေနဲ့
ဘာကြောင့်များ လိမ်ညာနေမိပါသလဲ ။

မရှိသေးတဲ့မနက်ဖြန်တွေတိုင်းမှာ
ဘာကြောင့်များငါရှိနေမယ်လို့ ထင်မိနေပါသလဲ။

မရှိတဲ့ မနက်ဖြန်များအတွက်
ဘာကြောင့်များ ကံကြမ္မာကို
အကာအကွယ်ပြုခဲ့မိပါသလဲ။

မသိခြင်းဟာ သိအောင်မကြိုးစားခြင်းပေါ်
အခြေခံခြင်းကို ဘာကြောင့်များ
နားမလည်ခဲ့ပါသလဲ ။
........................................................
........................................................
စသည်ဖြင့် .. စသည်ဖြင့်
ဘာကြောင့်များ မေးခွန်းတွေနဲ့ ကျနော် ရပ်တန့်နေရပါသလဲ ။




[+/-] show/hide this post

No comments: