ဗုဒ္ဒကိုစမြင်တုန်းကတော့ သူမြင်ကိုယ်မြင် ဆင်းတုကိုဘဲမြင်မိတာပါ။ဒီလိုနဲ့ကျနော်ဘာသာရေးကို လုပ်ကြည့်မိလိုက်တယ်ပေါ့ ။
အဲဒီအချိန်ကစပြီး ကျနော်ဗုဒ္ဒကိုတကယ်မြင်သွားခဲ့ပါတယ်။ တကယ်တော့ ဘုရားရှင်ဟာ ကိန်းဝပ်တာ ကျနော်တို့ရဲ့
အတွင်းစိတ်ထဲမှာပါ။ပြင်ပမှာမဟုတ်ပါဘူး။ မြတ်စွာဘုရားဘာကြောင့်ဘုရားအဖြစ်သို့ရောက်ရှိပါသလဲ။ ဆရာမကူကိုယ်တော်တိုင်ဥာဏ်နဲ့သိမြင်တဲ့တရားတော်ကြောင့်ပါ။
အခုချိန်မှာ ဗုဒ္ဒတရားတော်တွေရှိသေးပါတယ်။ဒါကြောင့် ဘုရားရှင်အစစ်က ပရိနိဗ`ဗာန်မစံသေးဘူးလို့ကျနော်ပြောချင်ပါတယ်။အခုထိတရားတော်တွေကိုဟောနေတုန်းပါဘဲ။
ကျနော်တို့ကဘုရားရှင်ရဲ့စကားကိုနားမထောင်ကြလို့သာ မကြားရတာပါ။ (သံဃာတော်များမှတဆင့်ဟောပြောသွန်သင်ဆုံးမတာကိုရည်ရွယ်တာပါ)
ဘုရားရှင် စကားကိုဘယ်လောက်နားထောင်လည်း၊လိုက်နာလည်းဆိုတာက ဗုဒ္ဒဘာသာရဲ့ စံ ပါ ။
ကျနော်ဗုဒ္ဒကိုကြည်ညိုတယ်။ ဗုဒ္ဒကိုလေးစားတယ်။
ဘာကြောင့်လည်းဆိုတော့ .. ဘုရားရှင်ရဲ့ စကားတော် တရားတော်တွေကြောင့်ပါ။ မှန်ကန်မှုတွေကို အပြောမဟုတ်ကိုယ်ကိုကိုယ်တိုင်သိမြင်နိုင်လို့ပါ။
မှန်ကန်မှုဆိုတာရိုးရိုးမှန်ကန်မှုတောင်မဟုတ်ပါဘူးလောကရဲ့သစ္စာတရားလို့ဆိုလို့ရတဲ့မှန်ကန်မှုပါ။
မိမိကိုယ်ကို ဗုဒ္ဒ ဘာသာဝင်ပါလို့ ပြောတဲ့သူအများစုဟာ ဗုဒ္ဒဘာသာဝင်မဟုတ်ဘဲ
အမည်ခံဗုဒ္ဒဘာသာဝင်တွေဖြစ်နေကြတာကို ၀မ်းနည်းဖွယ်တွေ့နေရတယ်။
ဘာကြောင့်လည်းလို့ သုံးသပ်ကြည့်တဲ့အခါမှာ ဘာသာရေးဆိုတာ အသက်ကြီးမှလုပ်ရတာဆိုတဲ့အမှားတွေးကြီးကြောင့်ပါ။
အသက်ကြီးမှလုပ်မယ်ဆိုရင်ကံမွဲ ဥာဏ်မွဲ အချိန်မှာ အချိန်မှီဖို့မလွယ်တော့ပါဘူး။အကုန်လုံးအချည်းနှီးဖြစ်သွားမှာစိုးလို့ပါ။
ကျနော်တို့ရဲ့သက်တမ်းကိုမည်သူကမှ အာမမခံထားပါဘူး။ကျနော် ဘယ်လောက်ထိနေရမလဲ ကျနော်မသိဘူး ။
မနက်ဖြန် သဘက်ခါ ကျနော်ရှိနိုင်ပါ့မလား ။ ကျနော်မသိနိုင်ပါဘူး။
လူအပါအ၀င်သတ္တ၀ါအားလုံးဟာ ကံ၊ စိတ် ဥတု အာဟာရ ပေါ်မှာ ဘဲ မှိခိုနေရတဲ့
အတွက် အချိန်မရွေးပြိုပျက်သွားနိုင်ပါတယ်။ မနေ့က၊အရင်နေ့တွေတုန်းကသေသွားခဲ့ကြတဲ့ သူတွေဆိုရင်လည်း
သူတို့သေမှာကို သိသိကြီးနဲ့ သေသွားကြတာမဟုတ်ပါဘူး။ ဒါကြောင့် အချိန်မရွေး ကျနော်တို့
ဟာ သေခြင်းတရားကို နှလုံးသွင်းနိုင်ဖို့ကြိုးစားရပါမယ်။ သေခြင်းတရားက ရန်သူမဟုတ်ပါဘူး
သေခြင်းတရားဟာ ကျနော်တို့နဲ့ အမြဲတမ်းဒွန်တွဲနေတဲ့ အရာပါ။ သေခြင်းတရားကို နှလုံးသွင်း
နေတဲ့အချိန်မှာ လောဘ၊ဒေါသ၊ မောဟတွေကင်းရှင်းနေပါတယ် ။ လောဘ၊ဒေါသ၊ မောဟတွေကင်းရှင်းနေတဲ့အချိန်ဟာ လူ့ဘ၀မှာတန်ဖိုးအရှိဆုံးအချိန်
လူဖြစ်ရကြိုးနပ်တဲ့အချိန်လို့ပြောရင်လည်းမမှားပါဘူး။ဒါကြောင့်ကျနော်တိုက်တွန်းချင်တာကတော့ အချိန်ရှိတုန်းမှာ လေ့လာကြည့်ပါ ။ လေ့လာလို့ သိရှိလာပြီ
ဆိုရင် ဆရာကောင်းသမားကောင်းရှာပြီးအားထုတ်ကြည့်ပါ ။သိလာပါလိမ့်မယ်။
့ဗုဒ္ဒဘာသာဝင်တစ်ယောက်ရဲ့ဘ၀ ကို မိရိုးဖလာဗုဒ္ဒဘာသာဝင်ဆိုတဲ့ဘ၀နဲ့ဘဲ မကုန်ဆုံးသွားစေချင်ဘူးဗျာ ။
(သိရှိပြီးသောသူများအတွက် မရည်ရွယ်ပါ)
[+/-] show/hide this post
No comments:
Post a Comment