သူ့ကိုစတွေ့တုန်းကတော့ ကျနော်အမှုမဲ့အမှတ်မဲ့ပါပဲ။ ဒီလိုနဲ့တဖြည်းဖြည်းနဲ့ သူကအလုပ်ကြိုးစားတဲ့စားပွဲထိုးလေးဖြစ်ကြောင်းသတိထားမိလာပါတယ်။
သူနဲ့ ရင်းနှီးလာတဲ့အခါမှာ စပ်စုတတ်တဲ့ ကျနော် သူ့အကြောင်းကို ဆိုင်လူရှင်းတဲ့နေ့လည်ခင်းတစ်ခုမှာမေးကြည့်မိပါတယ်။
သူအသက်က ၁၂ နှစ် တဲ့။ တောင်တွင်းကြီးဘက်ကလာတာတဲ့ ။ မိဘတွေကတော့ လယ်လုပ်တယ်တဲ့။ သူဒီမှာအလုပ်လုပ်တာ
နှစ်နှစ်လောက်ရှိပြီတဲ့။တစ်လကို လခ ၇၀၀၀ ကျပ်လောက်ရတယ်တဲ့။ဒါနဲ့ ကျနော်က မင်းအလုပ်လုပ်တော့ပိုက်ဆံတွေ အရမ်းစုမိမှာပေါ့ကွ လို့ . ပြောလိုက်မိပါတယ်။
ဒီတော့ ကောင်ကလေးကဘာပြောလဲဆိုတော့ သူဒီကရတဲ့လခတွေကို သုံးလတစ်ကြိမ် သူ့မိဘ ဆီပြန်ပို့ကြောင်း၊လေးတန်းထိကျောင်းနေဖူးကြောင်း ၊
ကျောင်းတုန်းက အမြဲတမ်း စာတော်တဲ့အထဲတွင်ပါကြောင်း၊ မိဘစီးပွားရေးအဆင်မပြေတဲ့အတွက်
ကျောင်းထွက်လိုက်ရကြောင်း၊ သူ ကျောင်းတက်နေတဲ့သူ့အရွယ်ကျောင်းသားလေးတွေကိုကြည့်ပြီးကျောင်းအရမ်းနေချင်တဲ့အကြောင်း၊
ဒါပေမယ့် အခွင့်အရေးမပေးတဲ့အတွက် ကျောင်းမနေရကြာင်း စသည် စသည်များ
ကိုပြောပြပါတယ် ။ ကြက်ကြီးလည်လိမ်ထားသလိုဖြစ်သွားတဲံကျနော် ကိုယ့်ကိုကိုယ် အတော်လေးကိုရှက်သွားမိပါတယ် ။
ကျနော်တို့မှာအခွင့်အရေးတွေ ရနေတာတောင်ကျနော်တို့က အမြဲတမ်းမလုံလောက်ဘူးဆိုပြီးအပြစ်တင်နေတတ်ကြပါတယ်။
တကယ်တော့ ကျနော်ကိုယ်ကျနော်သိရှိသွားတာကတော့ စာပွဲထိုးကောင်ကလေးလောက်တောင်အသိတရားမရှိခဲ့ဘူးဆိုတာပါဘဲ။
အခုလိုကလေးမျိုးမြန်မာပြည်မှာ ဘယ်နှစ်ယောက်များရှိ မလဲ ။ ပညာသင်ချင်စိတ်ကိုအညွန့်ချိုးခံထားရသော ကလေးများအတွက် မည်သူတွေက ဘာတွေလုပ်ပေးနေပါသလဲ
စသည်ဖြင့် တွေးနေရင်းနဲ့ဘဲ .... ။ အဲဒီနေ့က ကျနော်ကိုယ်ကျနော်အတော်လေးရှက်သွားခဲမိပါတယ်။
[+/-] show/hide this post
No comments:
Post a Comment