မြင်ကွင်းတစ်ခုအကြောင်း

တစ်နေ့ ကျနော် မြို့ထဲကိုအလုပ်ကိစ္စတစ်ခုနဲ့သွားပါတယ် ။ အပြန်ကျတော့ ကားစီးဖို့ဆိုပြီး
၃၈ လမ်းမှတ်တိုင်ရှေ့မှာကားရပ်စောင့်နေခဲ့ပါတယ်။အချိန်ကတော့ နေ့လည် ၂ နာရီခွဲလောက်
ရှိပါပြီ ။အဲဒီအနားမှာ တုန်တုန်ချိချိနဲ့  အဘွားအိုတစ်ယောက်ဟာပိုက်ဆံထိုင်တောင်းနေပါတယ်။
အဲဒီအဘွားအိုက အသက် ၈၀ လောက်ရှိပါပြီ ။
အဲဒီအချိန်မှာဘဲ နေရောင်ဟာ အဘွားအိုထိုင်နေတ
ဲ့နေရာကိုကျလာပါတယ်။အဲဒီအခါမှာ အဘွားအိုဟာ နေရိပ်တဲ့နေရာကိုပြောင်းဖို့ ကြိုးစားပါတော့တယ်။
ဒါပေမယ့် ထိုင်ရာကမထနိုင်ရာတဲ့အဘွားအိုဟာ နဘေးမှာရှိတဲ့ လိုင်းကားရပ်စောင့်နေတဲ့
ကောင်ကလေးတစ်ယောက်ကိုလှမ်းအကူအညီတောင်းပါတယ် ။ အဲဒီအခါမှာ အဲဒီကောင်ကလေးက
အဘွားအိုကို ချိုင်းကနေမပြီး အဘွားအိုရွေ့လိုတဲ့ အရပ်ကို ကူညီပြီးရွေ့ပေးပါတယ်။ပြီးတော့
ကောင်ကလေးက အဲဒီအဘွားအိုကို ပိုက်ဆံ၅၀၀ လှုလိုက်တာကိုကျနော်တို့ကားရပ်စောင့်နေ
ကြတဲ့သူအားလုံးမြင်လိုက်ပါတယ်။ အဲဒီအခါမှာ ကျနော်တို့ကားရပ်စောင့်နေတဲ့သူတွေအားလုံးဟာ
အဲဒီကောင်ကလေးကို ချီးကျူးလေးစားတဲ့အကြည့်တွေနဲ့ အဲဒီကောင်ကလေးကိုဝိုင်းကြည့်နေကြ
ပါတယ် ။ကျနော့်စိတ်ထဲမှာလည်း ကြည်နူးစိတ်နဲ့အတူ အဲဒီကောင်ကလေး
ကို ချီးကျူးမိပါတယ် ။ ဘာကြောင့်လည်းဆိုတော့ အဲဒီနေရာမှာ ကူညီတတ်တဲ့စိတ် နဲ့ သဒ္ဒါတရားကို
ပါ တပြိုင်နက်ထဲတွေ့လိုက်ရလို့ပါ။ဒီအဖြစ်အပျက်ဟာဘာမှမထူးခြားတဲ့မြင်ကွင်းတစ်ခုပါ။
ဒါပေမယ့်လူတွေအားလုံးကိုအသိတရားပေးသလိုခံစားရတဲ့အတွက်ကျနော်အတွက်တော့
မင်္ဂလာရှိတဲံမြင်ကွင်း၊ ကျက်သရေရှိတဲ့မြင်ကွင်းလို့ဘဲဆိုချင်ပါတယ်။






[+/-] show/hide this post

No comments: