ဆောင်းရာသီတစ်ခုတုန်းကပေါ့
မွေးဖွားရာ တိမ်တိုက်တွေအပေါ်မှာ
တွဲလွဲခိုလို့ ...
ဟိုးအဝေးဆီက မြက်ခင်းစိမ်းစိမ်းဆီကို
ငါတို့ခုန်ဆင်းခဲ့ကြတယ် ။
မနက်ခင်းနေရောင်မရောက်ခင်ပေါ့ .။
ပြီးရင်တော့ပွင့်လာမယ့်နေရောင်အောက်မှာဘဲ
တောက်ပစွာ ငါတို့ အတူတကွ
ပျောက်ကွယ်သွားကြရအောင်လားကွယ်။ ။
No comments:
Post a Comment