လူမြင်သူမြင်ညနေခင်းတွေဆီက
ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေ ..
အပြိုင်အဆိုင်ဈေးခေါ်ရင်း
ရောင်းပန်းလှ သူတို့မျက်ဝန်းတွေမှာ
မျော်လင့်ချက်တွေ သီခိုလို့ ။
ဈေးတန်းတစ်လျှောက်
တွေးရင်းငေးရင်း လမ်းသလားနေကြတဲ့
အိမ်ရှင်မတွေ ၊ အဖွားအိုကြီး
ရုံးအပြန်ဈေးဝင်ကြတဲ့ရုံးသူရုံးသားတွေ
သူ့တို့စိတ်ကူးထဲမှာတော့
အားလုံးအတူတူ ..
ညနေစာ၊ မနက်စာတွေ
ပလူပျံလို့။
သူတို့တွေအားလုံး
မနက်ဖြန်တွေ သန်ဘက်ခါတွေမှာ
ပြန်ဆုံကြဦးမတဲ့ ။
အချိန်းအချက်တွေကိုယ်ဆီလုပ်လို့
ဒီဈေးတန်းဟာ ..
ဟိုးအမေရိကားက စတော့ အိပ်ချိန်းလိုဘဲ
အလုပ်တွေအရမ်းရှုပ်နေခဲ့တာပေါ့ .. ။
[+/-] show/hide this post
No comments:
Post a Comment